ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း မြန်မာလက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းနှင့် အာဖဂန်နစ္စတန်လက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းတို့၏ ၂၀၂၆ ယူ-၁၇ အာရှဖလား ခြေစစ်ပွဲစဉ်ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

ရန်ကုန် နိုဝင်ဘာ ၂

မြန်မာလက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းနှင့် အာဖဂန်နစ္စတန်လက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းတို့၏ ၂၀၂၆ ယူ-၁၇ အာရှဖလားခြေစစ်ပွဲစဉ်ကို နိုဝင်ဘာ ၂၂ ရက်ညနေပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည်။

ထိုသို့ မြန်မာလက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းနှင့် အာဖဂန်နစ္စတန်လက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းတို့၏ ၂၀၂၆ ယူ-၁၇ အာရှဖလားခြေစစ်ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ ဘောလုံးချစ်ပရိသတ်များက ကြည့်ရှုအားပေးကြရာ ပွဲပြီးဆုံးချိန် မြန်မာလက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းမှ(၃)ဂိုးနှင့် အာဖဂန်နစ္စတန်လက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းမှ(၁)ဂိုးဖြင့် မြန်မာလက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းက အနိုင်ရရှိခဲ့သည်။

မြန်မာလက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းသည် ၂၀၂၆ ယူ-၁၇ အာရှဖလားခြေစစ်ပွဲစဉ် အုပ်စု(G)တွင် အာဖဂန်နစ္စတန်၊ နီပေါ၊ အိုမန်နှင့်ဆီးရီးယားအသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး (၁)ကစားအပြီး (၃)မှတ်ရရှိကာ ကျန်ပွဲစဉ်များအဖြစ် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့တွင် နီပေါ၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် အိုမန်နှင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ဆီးရီးယားအသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)