ပြင်ဦးလွင်မြို့နယ်ရှိ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)တွင်  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ စတင်ဖွင့်လှစ်

ပြင်ဦးလွင် နို၀င်ဘာ ၂၄

နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အားထားရသည့် အင်ဂျင်နီယာပညာရှင် လူငယ်မောင်မယ်များ များစွာပေါ်ထွန်းလာစေရေးနှင့် ပြောင်းလဲတိုးတက်နေသော နည်းပညာအရွေ့နှင့်အတူလိုက်ပါနိုင်ရေး အလေးထားဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊  နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)တွင်  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို ယနေ့ နံနက်ပိုင်းမှစ၍ စတင်ဖွင့်လှစ်ကာ ပညာသင်ကြားပေးလျက်ရှိ‌ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)၏ ၂၀၂၅-၂၀၂၆ပညာသင်နှစ်တွင် အဆိုပါ တက္ကသိုလ်၏ ဘက်စုံသုံးခန်းမ၌ ဆရာ၊ ဆရာမများက လှိုက်လှဲပျူငှာစွာကြိုဆို၍ စာသင်ခန်းနေရာများ၊ လက်တွေ့ခန်းနေရာများ၊ ဘာသာရပ်အလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းခြင်း၊ ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စာပေများသင်ကြားနိုင်ရေးအတွက် တာ၀န်ရှိသူများမှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သွေးသွေး(ခရိုင်/ပြန်ဆက်)