အမရပူရ နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက မဲရုံမှူး၊ ဒုမဲရုံမှူးလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းက အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးထွန်းဦးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ မဲရုံးမှူး၊ဒုမဲရုံးမှူး လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်အဖွဲ့ဝင်များ၊ မဲရုံမှူး၊ဒုမဲရုံမှူးများ တက်ရောက်ခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သော မဲရုံမှူး၊ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်း ပထမရက်တွင် မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်သီတာထွေးက လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများ အကြောင်း ရှင်လင်းပြောကြားသည်။
ဆက်လက်ပြီး အမရပူရမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုမဲရုံမှူးလုပ်ငန်းလမ်းညွှန် နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အဆိုပါ သင်တန်းကိုနှစ်ရက်ကြာပို့ချမည်ဖြစ်ပြီး ဒုတိယရက်တွင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက မဲရုံမှူး၊ ဒုမဲရုံမှူးများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအကြောင်း ရှင်းလင်းတင်ပြခြင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဒေါ်နန်းအေးအေးစိုးက MEVM စက်ဖြင့် မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် ထိန်းချုပ်စက်ကိုင်တွယ်သူ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအကြောင်း ရှင်းလင်းဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။
စိုးသီဟ(အမရ)