မိတ္ထီလာခရိုင်တွင် မိုးနေကြာစိုက်ပျိုးဧက ၄၂၀၂ ဧကစိုက်ပျိုးနိုင်ပြီး မိုးနေကြာများ စတင်ရိတ်သိမ်းရာ တစ်ဧက ၁၅ တင်းကျော် ထွက်ရှိ

မိတ္ထီလာ နိုဝင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် ၂၀၂၅-၂၀၂၆ခုနှစ် မိုးနေကြာစိုက်ပျိုးဧက ၄၂၀၂ ဧကစိုက်ပျိုးနိုင်ပြီး ​မိုးနေကြာများစတင်ရိတ်သိမ်းရာ တစ်ဧက ၁၅ တင်းကျော် ထွက်ရှိကြောင်း သိရသည်။

မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်များတွင် မိုးနေကြာစိုက်ပျိုးရာ စိုက်ပျိုးဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ပြီး ၂၀၂၅-၂၀၂၆ခုနှစ်တွင် မိတ္ထီလာခရိုင် တွင် မိုးနေကြာစိုက်ပျိုးဧက ၄၂၀၀ ကျော် သတ်မှတ်လျာထားစိုက်ပျိုးရာ မိတ္ထီလာမြို့နယ်တွင် မိုးနေကြာစိုက်ပျိုးဧက ၁၉၅၄ ဧက၊ မလှိုင်မြို့နယ်တွင် မိုးနေကြာစိုက်ပျိုးဧက ၄၂၇ ဧက ၊ သာစည် မြို့နယ်တွင် မိုးနေကြာစိုက်ပျိုးဧက ၁၅၇၉ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် မိုးနေကြာစိုက်ပျိုးဧက ၂၄၂ ဧက စိုက်ပျိုးနိုင်ခဲ့သည်။

မိတ္ထီလာခရိုင်တွင် ၂၀၂၅-၂၀၂၆ခုနှစ်တွင် မိုးနေကြာစုစုပေါင်း ၄၂၀၂ ဧကစိုက်ပျိုးခဲ့ပြီး ၎င်းမိုးနေကြာ စိုက်ပျိုးဧကများ စတင်ရိတ်သိမ်းပြီဖြစ်ရာ တစ်ဧက မိုးနေကြာတင်း ၁၅ တင်းကျော် ထွက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)