ချမ်းအေးသာစံ နိုဝင်ဘာ ၂၅
ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အနေဖြင့် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် သာမကဗဟုသုတများစွာ ရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရဿည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးထွန်းထွန်းနိုင်က “ကလေးငယ်များ၏ ပညာရေး၊ ဘဝရှေ့ရေးနှင့် စိတ်ပိုင်းဆိုင်ရာခံစားချက်များကို ထိခိုက်စေနိုင်သည့် ကလေးအလုပ်သမားအကြောင်းအရာများ၊ အဆိုပါကလေးအလုပ်သမားပပျောက်ရေး ပထမ(၅)နှစ် စီမံချက်ရည်မှန်းချက်များ” စတဲ့မှတ်သားဖွယ်ရာ အကြောင်းအရာများကိုပြောကြားခဲ့ကြောင်း သိရှိရသည်။
ချမ်းမြေ့မောင်