လှည်းကူး နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏လမ်းညွှန်မှု၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှကြီးမှူး၍ တိုင်းရင်းသားလူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ထူးချွန်စွမ်းရည်ပြပွဲ/ပြိုင်ပွဲ အခမ်းအနားကို ၂၄-၁၁-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက လှည်းကူးမြို့နယ် ဒေါင်းမြီးကွက်ကျေးရွာ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး ဒေါင်းမြီးကွက်ကျေးရွာအုပ်ချုပ်ရေးမှူးက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရေး ကူညီပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူးမှ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ရာ ဒေါင်းမြီးကွက်ကျေးရွာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ပြီး အခမ်းအနားသို့ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေမှူးနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းရင်းသားကျောင်းသားလူငယ်များအား ထူးချွန်စွမ်းရည်ပြပွဲ/ပြိုင်ပွဲများဖြစ်သည့် ဆေးရောင်ခြယ်၊ စက္ကူခေါက်၊ အပြေး၊ အားလူးကောက်၊ ပန်းချီ၊ မုန့်စား၊ အပ်ချည်ထိုး၊ ပူပေါင်းဖောက်၊ ကဗျာရွတ်၊ ကျပန်း၊ တိုင်းရင်းသားနှင့်ပတ်သက်သည့် ဉာဏ်စမ်းပြိုင်ပွဲများကိုကျင်းပ၍ ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကာ ကျောင်းသား/ကျောင်းသူများမှ ကရင်ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)