ပြည်ကြီးတံခွန် နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်းခွဲ ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ရာ လူငယ်စကားဝိုင်းတွင် အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်းခွဲမှ Grade-11 ကျောင်းသူ မသူသူငြိမ်းက လူငယ်နှင့် စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မနှင်းလေပြေဦးက လူငယ်နှင့် Social Media ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 11 ကျောင်းသား မောင်ကောင်းမြတ်လင်းက လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ယင်းလူငယ်စကားဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါး အသိပညာပေးနံရံကပ်စာစောင်ကို တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)