ညောင်ဦးမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲပြုလုပ်

ညောင်ဦး နိုဝင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ သင်တန်းဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက  ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြရမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအနေဖြင့် လွှတ်တော်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ မဲရုံမှူး၊ ဒု-မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားကာ မဲရုံမှူး၊ ဒု-မဲရုံမှူးများက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွရွေးကောက်ပွဲတွင် အရေးကြီးတာဝန်များ ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ အဓိကလိုက်နာရမည့်အချက်များအနေဖြင့် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် စာရင်းဇယားများ၊ မှတ်တမ်းများကို စနစ်တကျထိန်းသိမ်းထားရှိရန်လိုအပ်ပါကြောင်း၊ မဲပေးရာတွင် လျှို့ဝှက်ဆန္ဒမဲပေးနိုင်ရေးကြီးကြပ် ဆောင်ရွက်သွားရန်၊ ပြည်ထောင်စုရွေးကော်မရှင်မှ ထုတ်ပြန်ခွင့်ပြုထားသော စာရင်းအချက်အလက်များမှအပ အခြားကိစ္စများနှင့်စပ်လျဉ်း၍ လုံခြုံမှုရှိစေရေး အလေးထားလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယခင်ရွေးကောက်ပွဲများတွင် နိုင်သူအကုန် ယူစနစ်တစ်ခုထဲကိုသာ အသုံးပြုခဲ့သဖြင့် မဲဆန္ဒရှင်များ၏ ဆန္ဒမဲများသည် အလဟသဖြစ်ခဲ့သဖြင့် Mex Member Proportional (MMP) စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပါကြောင်း၊ ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များနှင့် ဆောင်ရွက်ပြီး၊ မဲရုံတွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) စက်ကိုအသုံးပြုပြီး ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ မဲရုံမှူး၊ ဒု-မဲရုံမှူးများအနေဖြင့် မဲရုံမှူးလုပ်ငန်းလမ်းညွှန်နှင့် (MEVM)မဲပေးစက်အကြောင်းကို စနစ်တကျလေ့လာထားရှိရန် လိုအပ်ပါကြောင်း၊ မဲရုံတွင်တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒု-မဲရုံမှူးများအနေဖြင့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို စနစ်တကျသင်ယူမှတ်သားပြီး သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲအခန်း(၁၃)ပါ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ အခန်း(၁၄)ပါ တရားမဲ့ပြုကျင့်မှုများကို လေ့လာ၍ မဲရုံအတွင်း အယောင်ဆောင်မဲပေးမှုများမဖြစ်စေရေး စနစ်တကျဆောင်ရွက်သွားရန်နှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ တွင် ကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက် ပွဲကြီးမှာ မဲရုံမှူး၊ ဒု-မဲရုံမှူးများအနေဖြင့် မိမိတို့တာဝန်ကို ရိုးသားစွာ၊ သမာသမတ်ကျစွာ၊ ဘက်လိုက်မှုကင်းစွာဖြင့် အလေးထားဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ညောင်ဦးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)များနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းပြသခဲ့ကြောင်း သိရပြီး သင်တန်းအား ၄ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း(ပြန်/ဆက်)