ကော့မှူးတွင် စာဖတ်ရှိန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေး

ကော့မှူး နိုဝင်ဘာ ၂

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ကော့မှူး)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၂) ဦးဝင်းထွန်းနိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းတို့က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရာတွင် ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများ၊ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာပါဝင် ဆင်နွှဲနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပွဲ‌တော်အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပြီး သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ထည့်သွင်းကျင်းပပြုလုပ်သွားမည့် ပြပွဲများ၊ ပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ သုတ/ရသစာအုပ်စာ‌စောင်ပြခန်းများ၊ ဓာတ်ပုံပြခန်းများ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ စာအုပ်အရောင်းဆိုင်များ၊ အသိပညာပေးဟောပြောပွဲများစသည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့် ပတ်သက်သောအကြောင်းအရာများ‌ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၂) ဦးဝင်ထွန်းနိုင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမို၊ တွံတေးခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/‌ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်သူရ