ကျောက်တံခါးမြို့နယ် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ်

ကျောက်တံခါး နိုဝင်ဘာ ၂၅

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံလုပ်ငန်းများပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့က မြို့နယ်စည်ပင်သာယာခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်ဇော်က ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ချောမွေ့မှန်ကန်စေရန်၊ မဲရုံအဖွဲ့ဝင်များအနေဖြင့် မိမိတို့၏တာဝန်ဝတ္တရားများကို ရှင်းလင်းပြတ်သားစွာနားလည်ပြီး စနစ်တကျထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ သင်တန်းနည်းပြ (၃) ဦး၊ သင်တန်းသား/သင်တန်းသူ (၃၇၀) ဦး တက်ရောက်ခဲ့ကြပြီး နိုဝင်ဘာ (၂၄) ရက်‌နေ့ မှ (၂၅) ရက်အထိ (၂) ရက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)