ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့်ဂိမ်းပြိုင်ပွဲများ ကျင်းပ

ကွမ်းခြံကုန်း နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ လူငယ်များဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် အသိပညာဗဟုသုတတိုးပွားစေရန်နှင့်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းပြိုင်ပွဲများကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌   ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်နန့်ဆွေနွယ်ဦးက ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲ၀င်ကလေးများအား ပြိုင်ပွဲစည်းမျဉ်း၊စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး၊ ဥာဏစွမ်းရည်ပြိုင်ပွဲနှင့်ဂိမ်းပြိုင်ပွဲများကျင်းပရာ ကျောင်းသား၊ကျောင်းသူများ (၁ဝ)ဦး ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်သူများကိုရွေးချယ်၍ ဆုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့‌ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လစဉ်လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ ပြပွဲများ၊ ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)