မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ မဲရုံများကိုပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ ကွင်းဆင်းစစ်ဆေး

မင်္ဂလာတောင်ညွန့် နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းပြုလုပ်မည့် မဲရုံ(၅၃)ရုံအနက် (၃၈)ရုံတည်နေရာများသို့ ဗိုလ်တထောင်ခရိုင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌အောင်လွင်နှင့်အဖွဲဝင်များက ယမန်‌နေ့  နံနက် (၈)နာရီအချိန်ကစ၍ (၁၆)နာရီထိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲဝင်းထွန်းတို့မှ မဲရုံနေရာများအားလိုက်လံပြသခဲ့ကြပါသည်။

ထိုနောက် ပါတီစုံဒီမိုက‌ရေစီအ‌ထွေထွေ‌ရွေး‌ကောက်ပွဲကာလ လုံခြုံ‌ရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်က သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ မဲရုံကြိုတင်ပြင်ဆင်ထားရှိမှုများ၊ လုံခြုံရေးကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မဲပေးရာတွင်ပြည်သူများအဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေးနှင့် မဲပေးစက်များခင်ကျင်းထားရှိနိုင်ရေးတို့အတွက် ကြိုတင်နေရာလျာထားသတ်မှတ်ခြင်းများ၊ လျှပ်စစ်မီးပိုမိုရရှိရေး၊ ပန်ကာများတပ်ဆင်ရေး၊ မီးစက်များထားရှိစေရေး၊ ပြတင်းပေါက်တံခါးများတွင် လိုက်ကာများတပ်ဆင်စေရေးမှာကြားခဲ့ကာ ရွေးကောက်ပွဲပြုလုပ်မည့်နေရက်မတိုင်မီ မဲရုံအတွင်းနှင့်မဲရုံပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်ကောင်းမွန်မှုရှိစေရေးနှင့် အခြားလိုအပ်သည်များမှာကြားခဲ့ပါကြောင်း သိရှိရပါသည်။

မြတ်မြတ်အေး( ပြန်/ဆက်)