ရတနာပုံတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နေ့သင်တန်းများ စတင်ဖွင့်လှစ်

အမရပူရ နိုဝင်ဘာ ၂၅

အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲကြိုသင်တန်း၊ ဘွဲ့လွန်သင်တန်း၊ ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ မဟာသင်တန်း၊ မဟာဘွဲ့(ဥပဒေ)သင်တန်းနှင့် စာကြည့်တိုက်နှင့်သုတပညာဒီပလိုမာသင်တန်းစသည့် နေ့သင်တန်းအသီးသီးတို့၏ ပထမပညာသင်စာသင်ကာလနှင့် ဒုတိယပညာသင်စာသင်ကာလများကို နိုဝင်ဘာ ၂၄ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ကြောင်းနှင့် သင်တန်းနှစ်အသီးသီးတို့၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို နိုဝင်ဘာ ၁၇ ရက်နေ့မှစ၍ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ပိတ်ရက်မရှိ လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

ရတနာပုံတက္ကသိုလ်တွင် သင်ကြားပို့ချပေးနေသည့် အထူးပြုဘာသာရပ်များမှာ မြန်မာစာ၊ မြန်မာမှု၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာ၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ မနုဿဗေဒ၊ ရှေးဟောင်းသုတေသနပညာ၊ ဓာတုဗေဒ၊ ဇီဝဓာတုဗေဒ၊ ရူပဗေဒ၊ နျူကလိယရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ အဏုဇီဝဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ စာကြည့်တိုက်နှင့်သုတပညာ၊ မှတ်တမ်းနှင့်မော်ကွန်းစီမံခန့်ခွဲမှုပညာ၊ စီးပွားရေးပညာ၊ ကွန်ပျူတာသိပ္ပံပညာနှင့်အားကစားပညာစသည့် ဘာသာရပ်ပေါင်း (၂၈)ဘာသာကို သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။

စိုးသီဟ(အမရ)