တံတား နိုဝင်ဘာ ၂
သန်လျင်ခရိုင်၊ တံတားမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများကို မြို့အတွင်းရှိ ရပ်ကွက်နေပြည်သူများအား ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက တံတားမြို့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့ပြည်သူကျန်းမာရေးဦးစီး ဌာနဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် ပြည်သူများအား အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်းနှင့် လိုအပ်သည်များကို ဆောင်ရွက်၍ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး Pfizer JN1 ထိုးနှံပေးခြင်းကို (၃) ရက် ဆက်တိုက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
လှိုင်သူဇာ(ပြန်/ဆက်)