ကျောက်ပန်းတောင်း နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့်၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ လုပ်ငန်းလမ်းညွှန် (ပထမအကြိမ်) သင်တန်းကို နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီက စံပြရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင်ခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင် က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၁) ဗိုလ်မှူးနောင်ထွန်းနီက လုံခြုံရေးဆိုင်ရာကိစ္စများကို ရှင်းလင်းပြောကြား၍ သင်တန်းဖွင့်ပွဲကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇင်မောင်မောင်က မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းကို သင်တန်းသား ဆရာ/ဆရာမ (၁၃၈) ဦးဖြင့် ပထမအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ သင်တန်းကာလမှာ ၂၅-၁၁-၂၀၂၅ ရက်နေ့မှ ၂၆-၁၁-၂၀၂၅ ရက်နေ့အထိ ၂ ရက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပြီး၊ သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌ ဦးရန်မျိုးနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ စုစုပေါင်း ၁၆၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)