သာကေတမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သာကေတ နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူမှ အစည်းအဝေးတွင် မဲစာရင်းများ၊ စာရင်းဇယားများ မှန်ကန်စေရေးကိစ္စများ၊ ကြိုတင်မဲပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးကိစ္စရပ်များ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်နေမှုကိစ္စများနှင့်ပတ်သက်၍ တတ်ရောက်လာသည့် ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့် အသေးစိတ်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့၀င်များ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းနိုင်၊ မြို့နယ်လဝကဦးစီးမှူး ဦးစိုးမိုးထွန်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်နှင်းယုကျော်၊ မြို့နယ်ထွေ/အုပ်ရပ်ကျေးစာရေးများ၊ လဝကတိုက်နယ်မှူးများ စုစုပေါင်းအင်အား ၅၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

သဲထက်ဇင်(ပြန်/ဆက်)