ကွမ်းခြံကုန်းမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများအား ပြည်သူများ လာရောက်ကြည့်ရှု

ကွမ်းခြံကုန်း နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြိုတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေ‌ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ယနေ့နံနက် (၈) နာရီက စတင်၍ ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ (၂၁) ရက်နေ့မှ ဒီဇင်ဘာလ (၂) ရက် အထိ ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး မိမိတို့အမည်စာရင်းပါရှိခြင်း ရှိ/မရှိ၊ အမည်မပါသူများ၊ အချက်အလက်များ မှားယွင်းနေသူများရှိပါက ပုံစံ (၁) ဖြင့်လည်း‌ကောင်း၊ လိုအပ်သည့် ပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံခွဲများတွင် အခမဲ့ရယူလျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခွဲများတွင် ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)