လှိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေးနေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

လှိုင် နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ယနေ့ နံနက် ၁၀ နာရီအချိန်က  အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေးနေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညိုထွန်းက ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်‌ပေးရခြင်းရည်ရွယ်ချက်များကို ရှင်းလင်း‌ပြောကြားခဲ့သည်။

ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲစာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စက္ကူ‌ခေါက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ကျင်းပရာ အ.မ.က(၂၃)မူလွန်ကျောင်းမှ ကျောင်းသား/သူများက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/သူများအား ဆုများချီးမြှင့်ပေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ဇော်ဇော်နိုင်(ပြန်/ဆက်)