မိတ္ထီလာခရိုင်၌  မိုးစပါးစိုက်ပျိုးဧက ၉၄၆၈၉ ဧကစိုက်ပျိုးပြီး မိုးစပါးများ စတင်ရိတ်သိမ်း

မိတ္ထီလာ နိုဝင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးဧက ၉၄၆၈၉ ဧက စိုက်ပျိုးပြီး ၎င်းမိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

မိတ္ထိလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်များတွင် မိုးစပါးသီးနှံ စိုက်ပျိုးနိုင်ရေး လျာထားပြီး စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်တွင် မိုးစပါး စိုက်ပျိုးဧက ၁၃၂၂၃ ဧက၊ မလှိုင်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးဧက ၆၄၁၈ ဧက၊ သာစည်မြို့နယ်တွင် မိုးစပါး စိုက်ပျိုးဧက ၃၇၄၅၀ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးဧက ၃၇၅၉၈ ဧက စုစုပေါင်း ၉၄၆၈၉ ဧကကို စိုက်ပျိုး နိုင်ခဲ့သည်။

အဆိုပါမိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်ရရှိရေး စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံ၍ အထွက်နှုန်ကောင်းသည့် မျိုးစေ့၊ စိုက်နည်းစနစ်၊ ရေပေးနိုင်မည့် အခြေ အနေများ၊ သီးနှံကာကွယ်ဆေးနှင့် ဓာတ်မြေဩဇာထည့်သွင်ခြင်း၊ လယ်မြေပြုပြင်ခြင်းလုပ်ငန်းများ စသည့်စိုက်ပျိုးနည်းပညာများကို အသိပညာပေး ဆွေးနွေးခြင်းနှင့် စိုက်ပျိုးသည့်အချိန်မှ ရိတ်သိမ်းခြွေလေ့ အချိန်အထိ စိုက်ပျိုးရေးဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ ၎င်းမိုးစပါးစိုက်ပျိုးဧကများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)