ဒဂုံမြောက် နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်နှင့်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ဒုတိယအကြိမ် ရပ်ကွက်များအလိုက် ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာထားလျက်ရှိသည်။
အဆိုပါ ဒုတိယအကြိမ်မဲစာရင်း ကပ်ထားကြေညာခြင်းကို မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သွားရောက်ကြည့်ရှု၍ မိမိအမည်မပါဝင်ပါက ပုံစံ (၃) ဖြင့်လည်းကောင်း၊ ကန့်ကွက်လိုပါက ပုံစံ (၄) အချက်အအလက်များ မှားယွင်းနေလျှင် ပုံစံ(၄-ဂ) တို့ဖြင့် လျှောက်ထားနိုင်ကြောင်းနှင့် မဲစာရင်းကပ်ထားကြေညာမှုအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် နှိုးဆော်အသိပေးလျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)