ကျောက်ပန်တောင်း နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်တောင်းမြို့နယ်တွင် ကျင်းပပြုလုပ်မည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို မြို့နယ်အဆင့် ကဗျာ၊ ပုံပြင်ပြောနှင့် ကျပန်းစကားပြောပြိုင်ပွဲကို၊ နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲများကို ကျောက်ပန်တောင်းမြို့နယ်မှ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများက ကျောင်း သား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး၊ ကဗျာပြိုင်ပွဲ(မူလတန်းအဆင့်) ၂၅ ဦး၊ ပုံပြင်ပြောပြိုင်ပွဲ (အလယ်တန်းအဆင့်) ၁၄ ဦးနှင့် ကျပန်းစကားပြောပြိုင်ပွဲ(အလယ်တန်းအဆင့်) ၂၃ ဦး ဝင်ရောက်ယှဉ်ပြိင်ခဲ့ကြသည်။ ပြိုင်ပွဲများကို အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက အမှတ်ပေးဒိုင်များအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးကြပြီး၊ ပြိင်ပွဲဝင်များမှ ပထမ၊ ဒုတိယ၊ တတိယ ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ပေး၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကြီးတွင် ဆက်လက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)