မှော်ဘီ နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ် ဆောင်းသီးနှံ (နေကြာ) မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးခြင်း၊ ဓာတ်မြေဩဇာ၊ ပျားပုံးများပေးအပ်ခြင်းနှင့် နွေစပါးမျို့စေ့ချကိယာ (Seeder) ဖြင့် စိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီက ညာင်ကုန်းကျေးရွာ တောင်သူ ဒေါ်အေးပိုင်လယ်မြေ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် ဖိတ်ကြားထားသောတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက လမ်းညွှန်အမှာစကားပြောကြားရာတွင် ၂၀၂၅-၂၀၂၆ခုနှစ် ဆောင်းသီးနှံ (နေကြာ) မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးရာတွင် နည်းစနစ်မှန်ကန်စေရန်နှင့် နွေစပါးစိုက်ပျိုးရာတွင်လည်း မျို့စေ့ချကိယာ (Seeder) တို့ဖြင့် စိုက်ပျိုးခြင်းတို့အား လွယ်ကူလျှင်မြန်၍ အချိန်ကုန်သက်သာစေခြင်း၊ နည်းစနစ်မှန်မှန်ကန်ကန် အသုံးပြုခြင်းတို့ကြောင့် မိမိစိုက်ပျိုးသည့်အပင်များ ညီညာစွာပေါက်စေပြီး သီးနှံအထွက်တိုး၍ ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်မည်ဖြစ်ပါကြောင်း စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ၏အဓိကအကျဆုံးအခြေခံအုတ်မြစ် ဖြစ်ပါကြောင်းတို့ကို လမ်းညန်မှာကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများက နေကြာစိုက်တောင်သူများအား နေကြာမျိုးစေ့များ၊ ဓာတ်မြေဩဇာနှင့် ပျားပုံးများ ပေအပ်ခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများနှင့်အဖွဲ့က ညောင်ကုန်းကျေးရွာရှိ တောင်သူဒေါ်အေးအေးပိုင်၏ လယ်မြေတွင် ဆောင်းသီးနှံ (နေကြာ) မျိုးစေ့ချခြင်းနှင့် (Seeder) မျိုးစေ့ချကိယာဖြင့် နွေစပါးစိုက်ပျိုးခြင်းတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ်(ပြန်/ဆက်)