စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ချမ်းမြသာစည် နိုဝင်ဘာ ၂၅

အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ‌ခြေခံပညာဦးစီးဌာနနှင့် စိုက်ပျိုး‌ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ” ကို ယနေ့နံနက်(၉)နာရီခွဲအချိန်က အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်း တကောင်းသစ္စာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ကျောင်းအုပ်ဆရာကြီး ဦးမျိုးမျိုးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက လူငယ်နှင့်စည်းကမ်း၊ စာဖတ်ခြင်းအကျိုး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အ‌ခြေခံပညာအထက်တန်းကျောင်းနှင့် ပတ်သက်သည့် သိသင့်သိထိုက်သော အကြောင်းအရာများကို လည်းကောင်း အသိပညာ‌ပေး ဟောပြောခဲ့ ကြသည်။    

အဆိုပါ ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်‌အောင်နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အလင်းသစ်(ချမ်း/စည် ပြန်/ဆက်)