ကျောက်ပန်းတောင်း နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ မီးဖိုမီးအသုံးပြု ဆောင်ရွက်လျက်ရှိသည့် အကြော်ဖိုလုပ်ငန်းများဖြစ်သည့် ပဲကြော်ဖိုများနှင့် အာလူးကြော်ဖိုများ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ လုပ်ငန်းလုပ်ကိုင်သည့် ရပ်ကွက်များအတွင်း ကွင်းဆင်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးပညာပေးခြင်းများကို ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးမင်းသိန်းထွန်းဦးဆောင်သည့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် တပ်ဖွဲ့ဝင်များက ပဲကြော်ဖိုနှင့် အာလူးကြော်ဖိုလုပ်ငန်းရှင်များ၊ ဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းခွင်အတွင်း မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်းပညာပေးကြပြီး မီးသတ်ဆေးဘူးအသုံးပြု၍ အရေးပေါ် မီးငြှိမ်းသတ်နည်းနှင့် ဆီမီးလောင်မှု ငြှိမ်းသတ်နည်းများကို လုပ်ငန်းရှင်များ၊ ဝန်ထမ်းများနှင့် ပူးပေါင်းကာ လက်တွေ့ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)