သင်္ဃန်းကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာများ ဆက်လက်ထုတ်ပေး၍ စားသုံးဆီများ ဆက်လက်ရောင်းချပေးလျက်ရှိ

သင်္ဃန်းကျွန်း နိုဝင်ဘာ ၂၅

ကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာများ ဆက်လက်ထုတ်ပေးလျက်ရှိရာ မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများနှင့် တာဝန်ခံ ဦးညီသန်းရွှေတို့က အငြိမ်းစားပင်စင်လစာထုတ်ယူသူများအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပင်စင်လစာထုတ်ယူသည့် မြန်မာ့စီးပွားရေးဘဏ်တွင် ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဥ်ညွှန်ကြားမှုဖြင့် အငြိမ်းစားပင်စင်ထုတ်ယူသူများအား စားအုန်းဆီ ၂ ပိဿာ ၅၀ ကျပ်သားပါ ဆီတစ်ဘူးလျှင် ၁၉၅၀၀/-ကျပ်နှုန်းဖြင့် ဖြန်ဖြူးရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)