အောင်မြေသာစံ နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ မန္တလေးဗဟိုအကျဉ်းထောင်ရှိ အချုပ်သားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် ဇီဝအချက်အလက်စာရင်း (UID)ရိုက်ပေးခြင်းကို နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါအကျဉ်းထောင်တွင် ပြုလုပ်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိန်းလွင်နှင့်ဝန်ထမ်းများက အချုပ်သား (၆၈) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးပြီး ဇီဝအချက်အလက်စာရင်း (UID) ရိုက်ပေးကြရာ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်၊ အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းနှင့်တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကြသည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဦးသိန်းလွင်က စာရွက်စာတမ်းများကို အကျဉ်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးသိန်းဇော်မောင်ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)