လသာ နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်း အနားကို ယနေ့ နံနက် ၈ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက ပညာဘဏ်တိုက် စာကြည့်တိုက်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက ထပ်ဆင့်အမှာစကား ပြောကြားကာ မြို့နယ်ပညာရေးမှုးဦးကျော်စံရွှီက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာမ ပေါက်ပေါက်က “စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဥ်ဖြင့်လည်းကောင်း ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်မှ ဦးဆောင်၍ Grade-11 ကျောင်းသူ မအိန်ဂျလီကိုကိုက လူငယ်နှင့်နည်းပညာ၊ Grade-11 မှ မကြည်နူးဝေက လူငယ်နှင့်စာပေ၊ Grade11 ကျောင်းသူ မအေးထက်လမင်းကလူငယ်နှင့်ပညာရေး၊ Grade-8 ကျောင်းသူ မပြည့်ဝေသျှန်က လူငယ်နှင့်ကျန်းမာရေး၊ Grade-8 ကျောင်းသူ မဇင်မီမီထက်ကလူငယ်နှင့် အားကစား၊ Grade-6 ကျောင်းသူ မသော်တာသိမ့်က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်အသီးသီးဖြင့် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများ ဉာဏ်စမ်းပြိုင်ပွဲများ၊ စကားပုံဆက်ပြိုင်ပွဲ၊ ဂိမ်းကစားနည်းမျိုးစုံ ထည့်သွင်းကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အ.ထ.က(၂) ကျောင်းသူလေးများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ခဲ့ကြကာ အမှတ်တရစု ပေါင်းဓတ်ပုံရိုက်ကူးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရဦးစီးဌာနမှ ပြသထားသော စာအုပ်ပြပွဲ၊ အသိပညာပေး နံရံကပ်စာစောင်ပြပွဲများအား ကျောင်းသား၊ကျောင်းသူများ စိတ်ပါ၀င်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နေလင်း(ပြန်/ဆက်)