တံတားမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေး

တံတား  နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား အပတ်စဉ် ကိုယ်ဝန်ဆောင်မိခင်များအားကျန်းမာရေးစောင့်ရှောက်ခြင်းကို  ယ‌နေ့ နံနက် (၁၀) နာရီက ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်ပေးလျက်ရှိသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လာရောက်ကြသည့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဝန်ထမ်းများမှ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ ကိုယ်ဝန်ဆောင်အားဆေးများပေးခြင်း၊ ကျန်မာ‌ရေးဆိုင်ရာ အသိပညာများ ဟောပြောပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများ၊ ဆရာမများက အဖွဲ့များခွဲ၍ ရပ်ကွက်ကျေးရွာများရှိ စုရပ်အသီးသီးတွင် အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။

လှိုင်သူဇာ(ပြန်/ဆက်)