သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းများဆက်လက်ဆောင်ရွက်

သာစည် နိုဝင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က အပျောက်ကျေးရွာ ဆုပြည့်ချမ်းသာ အထည်ချုပ်လုပ်ငန်းကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဒုမီးသတ်ဦးစီးမှူး ဦးစိုးသီဟနှင့်သန္ဓေတပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေးပြီး အထည်ချုပ်လုပ်ငန်းမှ တာဝန်ရှိသူများနှင့်အလုပ်သမားများအား မီးဘေးလုံခြုံရေးဆိုင်ရာ အကြံပြုချက်များ အသိပညာပေးခြင်း၊ မီးသတ်ဆေးဘူးများပြည့်စုံစွာထားရှိရန်နှင့် မီးသတ်ဆေးဘူးအသုံးပြုနည်းများ ပြသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သာစည်မြို့နယ်မီးသတ်ဦးစီးဌာနသည် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများ၌ တစ်အိမ်တက်ဆင်း စစ်ဆေးခြင်း၊ စက်ရုံအလုပ်ရုံများ၊ စက်သုံးဆီဆိုင်များ၊ မီးဘေးအန္တရာယ်စိုးရိမ်ရသောလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးပြီး မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးခြင်း၊ အကြံပြုခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းများ လက်တွေ့ပြသပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)