‎မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ရာပြည့်သဘင် အလှူရှင်ဂုဏ်ပြုပွဲနှင့် ရာပြည့်မဂ္ဂဇင်း စာမူရှင်ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

မဟာအောင်မြေ နိုဝင်ဘာ ၂၅

မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ရာပြည့်သဘင် အလှူရှင်ဂုဏ်ပြုပွဲနှင့် ရာပြည့်မဂ္ဂဇင်း စာမူရှင်ဂုဏ်ပြုပွဲအခမ်းအနားကို မန္တလေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

ဦးစွာ မန္တလေးတက္ကသိုလ်၊ ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာနေဝင်းဦးက ရာပြည့်သဘင် အလှူရှင်ဂုဏ်ပြုပွဲနှင့် ရာပြည့်မဂ္ဂဇင်းစာမူရှင်ဂုဏ်ပြုပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မန္တလေးတက္ကသိုလ် ရာပြည့်သဘင် အလှူရှင်များနှင့် ဆပ်ကော်မတီများအား မန္တလေးတက္ကသိုလ်၊ ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာနေဝင်းဦးက ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် မန္တလေးတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာရီရီချိုက မန္တလေးတက္ကသိုလ် ရာပြည့်မဂ္ဂဇင်း ကဗျာ၊ ကာတွန်းနှင့်ဆောင်းပါး စာမူရှင်များကိုလည်းကောင်း၊ မန္တလေးတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီးဒေါက်တာမေသွယ်အေးက ဆောင်းပါး၊ ဝတ္ထု၊ အင်္ဂလိပ်ကဗျာနှင့်ဆောင်းပါး စာမူရှင်များကိုလည်းကောင်း အသီးသီးဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးခဲ့ပြီး မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အတွက် အလှူငွေများ လှူဒါန်းခဲ့သည့် အလှူရှင်များကိုယ်စား အလှူရှင်ဆရာကြီး ဦးတင်မောင်က ကျေးဇူးတင်စကား ပြောကြားကြောင်း သိရသည်။

အောင်ဇော်မင်း