မရမ်းကုန်းမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကာယပြိုင်ပွဲနှင့် ဉာဏပြိုင်ပွဲများ ကျင်းပ

မရမ်းကုန်း နိုဝင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍သော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မရမ်းကုန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို မရမ်းကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇာနည်ထက်၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးထင်ကျော်မိုးနှင့် အ.ထ.က(၂) ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးအောင်မျိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများတာဝန်ရှိပုဂ္ဂိုလ်များက ကာယ၊ ဉာဏပြိုင်ပွဲများကို လှည့်လည်ကြည့်ရှုအား‌ပေးခဲ့ကြသည်။ ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပညာဘဏ်တိုက်စာကြည့်တိုက်သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ မရမ်းကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် ဆက်လက်ဖျော်ဖြေကြသည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာမြေလတ်ထင်ကျော်မိုးက ''ဗလငါးတန် ဖွံ့ဖြိုးရေးခေါင်းစဥ်ဖြင့်လည်း‌ကောင်း၊ စာရေးဆရာမ ပေါက်ပေါက်က ''စာဖတ်ခြင်းအကျိုးကျေးဇူး'' ခေါင်းစဥ်ဖြင့်သိမှတ်ဖွယ်ရာများအသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားတွင် ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကာယပြိုင်ပွဲများဖြစ်သည့် ဘိုးလင်းပစ်ပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲနှင့် မြှားပစ်ပြိုင်ပွဲများ ထည့်သွင်းကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများ၊ ဘင်ခရာနှင့်ပန်းပွားအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များ၊ အသိပညာပေးဟောပြောပေးသည့် စာရေးဆရာ၊ စာရေးဆရာမများအား တာဝန်ရှိသူများက အသီးသီးအမှတ်တရလက်‌ဆောင်နှင့် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အ.ထ.က(၂)ကျောင်းသား၊ ကျောင်းသူလေးများက စည်းလုံးခြင်းအတွက် သီချင်းတပုဒ်ဖြင့်သီဆိုဖျော်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရဦးစီးဌာနမှပြသထားသော၊ စာအုပ်ပြပွဲ၊ အသိပညာပေးနံရံကပ်စာစောင်ပြပွဲများအား‌ ကျောင်းသား၊ကျောင်းသူများ စိတ်ပါ၀င်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

(မောင်အေးချမ်း-ပြန်ဆက်)