ဒဂုံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုအား Spot Check အဖွဲ့ဖြင့် လိုက်လံကြည့်ရှုစစ်ဆေး

ဒဂုံ  နိုဝင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက မဲဆန္ဒရှင်စာရင်းများကြေညာထားမှုအား Spot Check အဖွဲ့ဖြင့် လိုက်လံကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ကြောညာထားမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများက Spot Check အဖွဲ့ဖြင့် လှည့်လည်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယခုလ ၂၄ ရက်နေ့ကစတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးယနေ့တွင် ကြည့်ရှုစစ်​ဆေးမှုများအား ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ဆေးမှုအား ဒဂုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့ဝင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး ဦးရဲစွာဝင်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးလှိုင်မျိုးတို့ ဦးဆောင်သည့် Spot Check အဖွဲ့မှ လှည့်လည်ကွင်းဆင်း စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုရာ၌ အဆင်ပြေချောမွေ့မှုရှိစေရေး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်သူဟိန်း (ပြန်/ဆက်)