ကမာရွတ်မြို့နယ်၌ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှု အကျိုးခံစားခွင့်ထုတ်ပေး

ကမာရွတ် နိုဝင်ဘာ  ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော M Pride Co;ltd မှ အာမခံအလုပ်သမား ဦးဒိုခန့်ထန်သည် မန္တလေးမြို့တွင် အလုပ်တာဝန်ထမ်းဆောင်နေစဉ် ၂၈-၃-၂၀၂၅ ရက်နေ့ မြေငလျင်ကြောင့် အလုပ်ခွင်ပြင်ပတွင် ထိခိုက် သေဆုံးမှုနှင့်ပတ်သက်၍ ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံး တိုင်းတာဝန်ခံအရာရှိ  ဒုတိယညွှန်ကြာရေးမှူး ဦးသိန်းနွဲ့ဦးမှ ၂၀၁၂ ခုနှစ်လူမှုဖူလုံရေး ဥပဒေပါ အကျိုး ခံစားခွင့်များ အကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် ဦးဒိုခန့်ထန်၏ သေဆုံးမှုနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေပုဒ်မ၂(စ) နှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ်-၁၅၀၀၀၀၀၀/-အား ဦးဒိုခန့်ထန်၏ဇနီး ဒေါ်ဇာနည်ထွန်းအား အလုပ်ဌာနတာဝန်ခံများ၊ အလုပ်သမားညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များရှေ့မှောက်တွင် ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)