တိုက်ကြီး နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ခြင်းမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မူလွန်(မြို့မ ၆) ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်ကစာဖတ်ခြင်းသည် ဘဝတစ်သက်တာအတွက် လွန်စွာအကျိုးကျေးဇူးရှိစေသောကြောင့် ကျောင်းသား၊ ကျောင်းသူများအားငယ်စဉ်မှစ၍ စာဖတ်သည့် အလေ့အထပျိုးထောင်ပေးရန် လိုအပ်ပုံနှင့် Social Media သုံးစွဲခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးနှင့် မူးယစ်ဆေးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင် ပြသခြင်း၊ သုတ/ရသစာအုပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)