ပြည်ကြီးတံခွန် နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်းခွဲခန်းမ၌ ယနေ့နံနက် ၁၀ နာရီက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မဟာအောင်မြေခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက အားက စားနည်းအကြောင်း သိကောင်းစရာများကို လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ကျောင်းသားလူငယ်မောင်မယ်များအနေဖြင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးအကြောင်းတို့ကို အသီးသီးဟောပြောဆွေးနွေးကြသည်။
ထို့နောက် ပြည်ကြီးတံခွန်မြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနွယ်အေးချိုက ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသီတာက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ စာအုပ်စာစောင်များ၊ လှပသာယာပြည်မြန်မာ အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသခဲ့ရာ ယင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်/ပြန်/ဆက်)