ပုဂံမြို့ လောကနန္ဒာစွယ်တော်မြတ်စေတီ လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းမှု အောင်မြင်ခြင်း အထိမ်းအမှတ် (ရွှေပြည့်အောင်ပွဲ) ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ညောင်ဦး နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ လောကနန္ဒာစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူဒါန်းမှုအောင်မြင်ခြင်း အထိမ်းအမှတ် မင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းကော်မတီအစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက်၊ မွန်းလွဲ ၃ နာရီ အချိန်က လောကနန္ဒာစာသင်တိုက်၊ အင်းကြင်းကျောင်းတော်ကြီး၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး၏  ဩဝါဒစရိယ ဆရာတော် ဘဒ္ဒန္တအာဒိစ္စ၊ စေတဝန်ကျောင်းနှင့် ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တမေဃိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ နိုင်ငံတော်ဗဟိုသံဃာ့ဝန်‌ဆောင်၊ လောကနန္ဒာကျောင်းတိုက်တို့ထံမှ ဩဝါဒခံယူကြပြီး ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးကျော်မင်းညိုနှင့် အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့် ‌အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်‌ ဂေါပကအဖွဲ့တို့က ရွှေသင်္ကန်းကပ်လှူဒါန်းမှု အောင်မြင်ခြင်း အထိမ်းအမှတ် မင်္ဂလာအခမ်းအနားဆောင်ရွက်ရမည့် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ဆောင်ရွက်မည့် အစီအမံများအား အသီးသီးလျှောက်ထားတင်ပြခဲ့ရာ ဩဝါဒစရိယဆရာတော်များက လိုအပ်သည်များ လမ်းညွှန်မိန့်ကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း