ချမ်းမြသာစည်မြို့နယ်၌ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ချမ်းမြသာစည် နိုဝင်ဘာ ၂၆

မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းခွဲရှိ၊ ချယ်ရီစူပါစိမ်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေး‎‎‌ဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ရွှေဦးက ရွေးကောက်ပွဲတွင်အသုံးပြုမည် မြန်မာအီလက်ထရောနစ်ပစ္စည်းများနှင့် မဲပေးပုံအဆင့်ဆင့်တို့ကို သိရှိနားလည်အောင် အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်က သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။‎‎‎

ထို့‌နောက် သင်တန်းနည်းပြများက ရပ်ကွက်ရွေကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သင်တန်းသား/ သင်တန်းသူများအား သက်ဆိုင်သည့် ဘာသာရပ်များအလိုက် ဆွေးနွေးပို့ချခဲ့သည်။ 

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသက်ဆွေဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌မြင့်ဇော်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းသစ်(ချမ်း/စည် ပြန်/ဆက်)