မန္တလေး နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး) တွင်၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသားကျောင်းသူများအား နိုဝင်ဘာ ၂၄ ရက်မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (မန္တလေး) ၏ ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာလင်းထက်မြင့်နှင့် မော်ကွန်းထိန်းတို့က မောင်မယ်သစ်လွင်များအား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ခွန်းဆက်အားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာလင်းထက်မြင့်မှ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (မန္တလေး)သို့ တက်ရောက်သင်ကြားမည့် ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုသာမက စည်းကမ်းရှိ၍ လွတ်လပ်ပျော်ရွှင်စွာ ပညာဆည်းပူးသွားကြရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။ ယနေ့ထိ ကျောင်းအပ်နှံပြီး ၁၁၁ ဦး ရှိပြီး ကျောင်းအပ်နှံမှု များကိုလည်း ဆက်လက်လက်ခံလျက်ရှိကြောင်းသိရသည်။
အဆိုပါတက္ကသိုလ်တွင် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများအတွက် ဓာတ်ခွဲနည်းပညာ၊ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ၊ ခန္ဓာသန်စွမ်းမှုနည်းပညာစသည့် အဓိက ဘာသာရပ် ၃ ခုဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဇာနည်ကိုကို (ပြန်/ဆက်)