ရမည်းသင်း နိုဝင်ဘာလ ၂၆
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် နည်းပညာတက္ကသိုလ်(ရမည်းသင်း)၌ နိုဝင်ဘာလ(၂၄)ရက်မှ စတင်ကာ ကျောင်းဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။
အဆိုပါ တက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဘွဲ့ကြိုအင်ဂျင်နီယာ သင်တန်းများကို နိုဝင်ဘာလ(၂၄)ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပါမောက္ခချုပ်နှင့်ဘာသာရပ်ဌာနမှူး ဆရာ၊ ဆရာမများက နွေးထွေးစွာကြိုဆိုပြီး ရပ်ဝေး၊ ရပ်နီးမှ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သတင်းရရှိပါသည်။
ခရိုင်(ပြန်/ဆက်)