မြစ်သားမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု(စတုတ္ထအကြိမ်) အာဟာရကျွေးမွေး

မြစ်သား နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများက မြို့ပေါ်အခြေခံပညာမူလတန်း‌ကျောင်းများမှ KG ကျောင်းသား‌၊‌ကျောင်းသူများအား ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ (စတုတ္ထအကြိမ်)အာဟာရကျွေးမွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အာဟာရကျွေးမွေးရာတွင် ကျောင်းကျန်းမာ‌ရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်နှင့်ကျောင်းအဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ဆောင်ရွက်လျက်ရှိရာတွင် မြစ်သားမြို့ပေါ်ရှိ အ‌ခြေခံပညာမူလတန်းကျောင်းများမှ KG ကျောင်းသား၊ ကျောင်းသူ (၃၄၃)ဦးကို အာဟာရကျွေးမွေးပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ဝါဝါမြင့် (မြစ်သား)