စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်

ချမ်းမြသာစည် နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ကျောင်းသူလူငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံလာစေရန်နှင့် စာဖတ်စွမ်းရည်များပိုမို​မြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၃၁)အ​ခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာအရွယ်ကစ၍ စာဖတ်သည့်အလေ့အထနှင့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာအုပ်များနှင့်ရင်နှီးကျွမ်းဝင်မှုရှိလာပြီး စာပေတွင်မွေ့လျော်ကာ မိမိတို့၏ကိုယ်ပိုင်အချိန်များကို အကျိုးရှိစွာအသုံးချတတ်လာစေရန်၊ အခြေခံပညာမှ အဆင့်ပညာအထိ အတန်းစဉ်အလိုက် ဘက်စုံထူးခွန်ထက်မြက်သည့် ဗလငါးတန်နှင့်ပြည်စုံသော လူငယ်လူရွယ်များပေါ်ထွက်လာစေရန်စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊​ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် သုတ/ရသ စာအုပ်(၂၃၀) အုပ်တို့ကို အခမဲ့ ဌားရမ်းပေးခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတရတစာအုပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အလင်းသစ်(ချမ်း/စည်)