နွားထိုးကြီး နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အစည်းအဝေးတွင် အမှတ်(၂)စစ်ဗျူဟာ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်စွာဝင်းခိုင်က နွားထိုးကြီးမြို့ အေးချမ်းသာယာဖွံ့ဖြိုးရေးအတွက် မြို့တွင်းသန့်ရှင်းသာယာလှပစေရေး ဝိုင်းဝန်းလုပ်ဆောင်ကြရန်၊ မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်များ၊ လူသုံးကုန်ပစ္စည်းဆိုင်များ ဖွင့်လှစ်၍ မိဘပြည်သူများ အေးချမ်းပျော်ရွှင်စွာနေထိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ အမှတ်(၂)စစ်ဗျူဟာ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး၊၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင့်လွင်ဦး