နည်းပညာတက္ကသိုလ်(မန္တလေး) ဘွဲ့ကြို၊ဘွဲ့လွန် သင်တန်းများ စတင်သင်ကြားပေးလျက်ရှိ

မန္တလေး နိုဝင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာ အနီးရှိ နည်းပညာတက္ကသိုလ်(မန္တလေး)၌ နိုဝင်ဘာလ ၂၄ ရက်နေ့ မှစတင်ကာ ကျောင်းဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါတက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဘွဲ့ကြို (အင်ဂျင်နီယာ၊ ဗိသုကာ) သင်တန်းများနှင့် ဘွဲ့လွန် (မဟာအင်ဂျင်နီယာ၊ မဟာဗိသုကာ)သင်တန်းများကို နိုဝင်ဘာလ ၂၄ ရက်က စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကာ ပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများမှ နွေးထွေးစွာကြိုဆိုကြပြီး ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း အဆိုပါတက္ကသိုလ် ပါမောက္ခချုပ်ထံမှ သိရှိရသည်။

ဇာနည်ကိုကို(ပြန်/ဆက်)