ဝမ်းတွင်းမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်များဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ဝမ်းတွင်း နိုဝင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်များဆိုင်ရာမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၄ ရက်နေ့က အ.ထ.က(ဝမ်းတွင်း) ပတ္တမြားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။      

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်ဆွေက သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များ၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ နှင့် မဲပေးစက်နှင့် စပ်လျဉ်းသည်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ မဲပေးစက်နှင့် စပ်လျဉ်းသည်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းလမ်းညွှန်များဆိုင်ရာတို့ကို ဆွေးနွေးပို့ချသွားမည်ဖြစ်ရာ ၎င်းသင်တန်းကို နိုဝင်ဘာလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)