ပုဇွန်တောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ကျင်းပ

ပုဇွန်တောင် နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ‌အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း တေဇခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာမ မေမြတ်စန္ဒာက စာဖတ်ခြင်းအကျိုးကျေးဇူးကို အသိပညာပေး ဟောပြောခဲ့သည်၊၊ ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကိုကျင်းပခဲ့ရာ ပြိုင်ပွဲဝင် ‌ကျောင်းသူ/ကျောင်းသားလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ဘယ်ခြေညာလက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူ(၅၀)ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဖြေဆိုနိုင်သူ ကျောင်းသူ/ကျောင်းသားများအား ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် လူငယ်အသိပညာပေး စာအုပ်စာစောင်များအား စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်