လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် ယနေ့မွန်းလွဲ ၁ နာရီက စာရေးဆရာမချောချော (ချော်တွင်းကုန်း) ရေးသားသည့် ဣတ္တိယတို့၏သဘောနှင့်သင်္ခါရ ဆောင်းပါးဖြင့် ရေးသူဖတ်သူ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာ သမိုင်းမြို့မဘုန်းနေခနှင့် စာရေးဆရာမ တင့်တယ်ခင်တို့က မုဒိတာစကားများ အသီးသီးပြောကြားကြပြီး စာဖတ်ဝိုင်း ဆွေးနွေးပွဲကို စတင်ကျင်းပခဲ့သည်။

ထို့နောက်စာပေချစ်မြတ်နိုးသူ မြန်မာ့တံခွန်သတင်းစုံဂျာနယ် (အယ်ဒီတာချုပ်) စာရေးဆရာသူရ (မြန်မာ) က  စာရေးဆရာမချောချော (ချော်တွင်းကုန်း) ရေးသားသည့် ဣတ္တိယတို့၏ သဘောနှင့် သင်္ခါရဆောင်းပါး စာအုပ်ပါအကြောင်းအရာများဖြင့် စတင်ဆွေးနွေးခဲ့ပြီး စာရေးဆရာ ချောချော (ချော်တွင်းကုန်း) က ယခုဆောင်းပါးကိုစတင်ရေးသားဖြစ်ပုံနှင့် ကြုံတွေ့ရသော အတွေ့အကြုံခံစားချက်များကို ရှင်းလင်းပြောကြားပြီး ဆောင်းပါးကို ဖတ်ကြားခဲ့ကြောင်း သိရပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ ညွန့်ညွန့်(ကလော)၊ စာရေးဆရာမပန်းသဇင်၊ စာရေးဆရာမကြူကြူ (ချော်တွင်းကုန်း)၊ စိုးမိုး(ပါရဒိုင်း)၊ စာရေးဆရာမ ဧပရယ်မိုးတို့က ဆောင်းပါးနှင့်ပက်သက်၍ ခံစားရရှိသော ရသများအကြောင်း ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ ရွေးကောက်ပွဲအကြောင်းသိကောင်းစရာ နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)