လှိုင် နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအဖွဲ့(Book Club)တို့ ပူးပေါင်း၍ “ကြယ်တစ်စင်းကို ထုဆစ်ခြင်း” ခေါင်းစဉ်ဖြင့်(၄၁)ကြိမ်မြောက် စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းကို လှိုင်မြို့နယ် စာရေးဆရာအသင်းနာယက ဦးမင်းဆက်ပိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးညိုထွန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လှိုင်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာသန်းကျော်(မိတ္ထီလာ)က မုဒိတာစကားပြောကြားခဲ့သည်။ ထို့နောက် ဆရာမခြယ်မှုန်းသီက “ကြယ်တစ်စင်းကိုထုဆစ်ခြင်း” ဘာသာပြန်ဝတ္ထုတိုအား ဖတ်ကြား၍ ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော ဆရာ၊ ဆရာမများက အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းများကို မျိုးဆက်သစ်လူငယ်များ စာပေဖတ်ရှုသည့် အလေ့အထများဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် စာပေချစ်မြတ်နိုးသူများအသင်း Book Club ၊ Woman Club နှင့် Youth Club အသင်းများဖြင့် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်ဇော်နိုင်(ပြန်/ဆက်)