ရန်ကုန် နိုဝင်ဘာ ၂၇
မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ် ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံ ညီအစည်းအဝေးနှင့်တတိယအကြိမ်မြောက်အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာ လမ်းရှိမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း ၊မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်းချုပ်နာယကများ၊ အကြံပေးများ၊ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်မှုဆောင်များ၊ ရွေးချယ်တင်မြှောက် ပွဲကြီးကြပ်မှုကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညီနောင်အသင်းများ ၊အသင်းသူ၊ အသင်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ် သဘာပတိဦးစိုးမြ၊ နာယကဦးမောင်ကိုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့က အမှာစကားပြောကြားကြသည်။ ထို့နောက် အထွေထွေအတွင်းရေးမှူးဦးတင်ရွှေက အမှုဆောင်အဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာတင်သွင်းခြင်း၊ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ဖြည့်စွက်ပြင်ဆင်ခြင်းအား ရှင်းလင်းတင်ပြခြင်းနှင့် ဆန္ဒခံယူခြင်းတို့ ဆောင်ရွက်သည်။
ယင်းနောက် ဘဏ္ဍာငွေရှာဖွေရေးနှင့် ထိန်းသိမ်းရေးကော်မတီမှ ဘဏ္ဍာရေးမှူး ဦးမောင်မောင်တာ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် မြန်မာနိုင်ငံသတ္တုလုပ်ငန်း ရှင် များအသင်းချုပ် (၂၀၁၆-၂၀၂၅) ခုနှစ် သက်တမ်းအတွက် အမှုဆောင်အဖွဲ့ဝင်ဟောင်းများ နှုတ်ထွက်ကြောင်းနှင့် ရွေးချယ်တင်မြှောက်ပွဲကြီးကြပ်ရေးကော်မရှင်မှ အမှုဆောင်ရွေးချယ်ခံ စာရင်း ဖတ်ကြားကြေညာပြီး အလှူငွေများလှူဒါန်းထားရှိမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကို တာဝန်ရှိသူများက ပေးအပ်ကြသည်။ ထို့နောက် မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ် (၂၀၂၅-၂၀၃၀) ခုနှစ် သက်တမ်းအတွက်ဥက္ကဋ္ဌသစ် ဦးကျော်ဌေးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ် တတိယအကြိမ်မြောက် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲကိုကျင်းပခဲ့ရာ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ အသစ်ဦးကျော်ဌေးပါဝင်အဖွဲ့ဝင်၂၁ ဦးဖြင့်အမှုဆောင်အဖွဲ့အား ပြန်လည်ရွေးချယ်ခဲ့ကြောင်း သိရှိရသည်။
ကျော်ဆန်းမြင့်(ပြန်/ဆက်)