ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် တက်ရောက်နေသည့် အသက် (၁၈) နှစ်ပြည့်ပြီး‌သော ကျောင်းသား/ကျောင်းသူများ မဲစာရင်းတွင် ပါ၀င်လာစေရေး စစ်ဆေး

ပုဇွန်တောင် နိုဝင်ဘာ ၂၇

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် တက်ရောက်နေသည့် အသက် (၁၈) နှစ်ပြည့်ပြီးသော ကျောင်းသား/ကျောင်းသူများ မဲစာရင်းတွင် ပါ၀င်လာစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၁ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များသည် မြို့နယ်ပညာရေးမှူးရုံးမှ တာ၀န်ခံမြို့နယ်ပညာရေးမှူး ဦးခင်စိုးနှင့်တာ၀န်ရှိသူများ၊ မြို့နယ်အတွင်းရှိ  အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးများ၊ ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံ၍ အသက် (၁၈) နှစ်ပြည့်ပြီးသော ကျောင်းသား/ ကျောင်းသူများ မဲစာရင်းတွင် ပါ၀င်လာစေရေးနှင့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် တာ၀န်ရှိသူတို့မှ စိစစ်၍ မဲစာရင်းတွင် ပါ၀င်လာစေရေး မြို့နယ်လဝက၊ မြို့နယ်ကော်မရှင်နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်