ချမ်းအေးသာစံ နိုဝင်ဘာ ၂၇
ဆေးပညာပထမနှစ် (၁၁/၂၀၂၅)၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် မိဘအုပ်ထိန်းသူတွေ့ဆုံပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ် ဆေးတက္ကသိုလ် (မန္တလေး) ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆေးတက္ကသိုလ်(မန္တလေး)၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာမျိုးသက်တင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဆေးတက္ကသိုလ် (မန္တလေး) ရှိ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများနှင့် မိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး ဘာသာရပ်ဆိုင်ရာဌာနမှူးများကိုယ်စား ရောဂါဗေဒဌာန၊ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာစန်းစန်းလှိုင်က နှူတ်ခွန်းဆက်စကားပြောကြားခြင်း၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ) ဒေါ်ခင်စိုးရီက တက္ကသိုလ်စည်းမျဥ်းစည်းကမ်းများနှင့် စာမေးပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆေးတက္ကသိုလ်(မန္တလေး)၏ Documentary Video အားပြသခဲ့ပြီး ဆေးပညာပထမနှစ်(၁၁/၂၀၂၅) သင်တန်းမှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကာ အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရှိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)